qq
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

နားဆင်နိုင်ပါပြီ။ မြန်မာနိုင်ငံမှာ မူပိုင်ခွင့် ကိစ္စ ဘယ်လောက် အလေးထား ဆောင်ရွက် ဖို့လိုနေပြီလဲ။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ ရှေ့နေ ဦးအောင်စိုးတို့ ဦးဆောင် ဆွေးနွေးခဲ့။

မကြာသေးခင်က မြန်မာ နိုင်ငံမှာ လူကြိုက်များခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကား ဟာ အခုဆိုရင် အွန်လိုင်း မှာ တရားမဝင် ပျံနှံ့ခဲ့ သလို တရားမဝင် ဒီဗီဒီခွေတွေ အဖြစ်လည်း ရောင်းချမှုတွေ ရှိနေ ပါတယ်။ ဒါဟာ မူပိုင်ခွင့် ချိုးဖေါက်တာ ဖြစ်သလို၊ နစ်နာ မှုတွေလည်း အများကြီး ဖြစ်စေ ခဲ့လို့ ဒီဇာတ်ကား ထုတ်လုပ်တဲ့ Central Base ကုမ္ပဏီက ပြော ပါတယ်။

အခုလို ခိုးကူးမှုတွေ တရားမဝင် ဖြန့်ဝေမှုတွေကြောင့် ဒီဗီဒီ နဲ့ တေးသီချင်း ထုတ်လုပ်ရေး လောက လည်း ပျက်ခဲ့ရ တယ်လို့ ထုတ်လုပ်သူတွေ က ပြောပါတယ်။

ဒီတော့ မြန်မာနိုင်ငံမှာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး၊ ဘယ်လောက် အထိ အလေးထား လိုက်နာ ကျင့်သုံး ဖို့ လို အပ် နေပါလဲ။

သောတရှင်တို့ ကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ကိုသက်ထွေးနိုင် တင်ဆက်ပေးထားပါတယ်။

#လွတ်လပ်အတွေး #ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ - Zen Kyi Facebook, Christina Kyi Facebook

ဆက်စပ် အကြောင်းအရာများ