aa
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေးကမ္ဘာ့အရေး သတင်းလွတ်လပ်ခွင့်နဲ့ နိုင်ငံလျှို့ဝှက်ချက်

နားဆင်နိုင်ပါပြီ။ သတင်းလွတ်လပ်ခွင့်လား၊ နိုင်ငံတော်လျှို့ဝှက်ချက်လား။

တပ်မတော် ထောကလှမ်းရေးအရာရှိဟောင်း မီဒီယာတာဝန်ခံအယ်ဒီတာ ဦးရဲမိုး၊ မြန်မာသတင်းပညာသိပ္ပံက ဦးစိန်ဝင်းနဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်တို့ ဦးဆောင်ဆွေးနွေးပြီး၊ ဦးဘမော် တင်ဆက်ထားပါတယ်။

ရိုက်တာသတင်းထောက် တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ စွဲချက်တင်လိုက်တဲ့ အပေါ် သတင်းမီဒီယာ လွတ်လပ်ခွင့် နဲ့ တရားဥပဒေစိုးမိုးရေး အတွက် အဟန့်အတား ဖြစ်စေတယ်လို့ ပြည်တွင်း ပြည်ပက ဝေဖန်ခဲ့ကြပါတယ်။

အထူးသဖြင့် သတင်းမီဒီယာတွေက ပိုဝေဖန်နေကြတာ ဖြစ်ပါတယ်။

သူတို့ဟာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ အင်းဒင် ကျေးရွာက လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရမှုနဲ့ ပတ်သက်လို့ သတင်းရေးသား ဖော်ထုတ်ဖို့ ကြိုးစားနေခဲ့ကြတာဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ဆိုတာကြား ဘယ်လို စည်းခြားကြ မလဲ စည်းကောခြားနိုင်ပါ့မလား ဆိုတာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြ။

ဆက်စပ် အကြောင်းအရာများ