တရုတ်က တိုင်းရင်းသားအရေး ဂဃနဏ မသိဘူး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်က တိုင်းရင်းသားအရေး ဂဃနဏ မသိဘူး

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA ဟာ အပစ်ရပ်စဲရေးဖြစ်စဉ်မှာ အားလုံးပါဝင်ရေးမူကို ဆက်လက် ကိုင်စွဲနေဆဲဖြစ်ပြီး အားလုံးပါဝင်မှသာ အန်စီအေမှာ အပစ်ရပ်လက်မှတ်ထိုးဖြစ်မယ်လို့ ရှမ်းပြည်တပ်မတော်ဘက်က တာဝန်ရှိသူက ဘီဘီစိကို ပြောပါတယ်။

မြောက်ပိုင်းအဖွဲ့တွေကို အန်စီအေထိုးဖို့ တရုတ်က တိုက်တွန်းမှုဟာ တရုတ်ရဲ့ တွန်းအားပေးမှုသာဖြစ်ပြီး တရုတ်အနေနဲ့လည်း တိုင်းရင်းသားတွေကြုံတွေ့နေရတဲ့ ပကတိပြဿနာကို နားလည်ထားဖို့လိုတယ်လို့ SSPP/SSA ဘက်က ပြောပါတယ်။

နေပြည်တော်လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံခဲ့တဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ FPNCC အဖွဲ့ဝင် ရှမ်းတပ်မတော် မြောက်ပိုင်း ဒုဥက္ကဌ စဝ်ခွန်ဆိုင်ကို ဘီဘီစီသတင်းထောက် စိုင်းထွန်းအောင်လွင်က တွေ့ဆုံမေးမြန်းထားပါတယ်။