ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ကလေးမိခင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ကလေးမိခင်

နေပြည်တော် မှာ ဇူလိုင် ၁၁ ရက်ကနေ ၁၆ ရက်အထိ ကျင်းပခဲ့တဲ့ ၂၁ ပင်လုံ တတိယအကြိမ် - ငြိမ်းချမ်းရေး ညီလာခံကြီးဟာ တက်ရောက်ဆွေးနွေးသူတွေကြား သဘောတူညီချက် တချို့ ရခဲ့တာနဲ့ အတူ ပြီးဆုံးခဲ့ပါပြီ။

ဒီလို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားအဖွဲ့၊ တပ်မတော် အစရှိသလို ဘက်ပေါင်းစုံက တက်ရောက်ကြရပါတယ်။ ဒီထဲမှာ ကလေး တဖက်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ကူညီနေတဲ့ တိုင်းရင်းသား ဒေသ က အသက် ၃၀ ဝန်းကျင် အမျိုးသမီးငယ် မနန်းပေါင်းဝ်ဟွမ် လည်း ပါဝင်ခဲ့ပါတယ်။

အရင်တုန်းကတော့ ကလေးနဲ့ ကလေးမိခင်တွေ အဆင်ပြေအောင် ထည့်သွင်း စဉ်းစားထားတဲ့ အခင်းအကျင်းမျိုး မရှိခဲ့ပေမယ့် တတိယအကြိမ်မှာတော့ ကလေးမိခင်တွေ အတွက် သီးသန့် အခန်း စီစဉ်ပေးထားလို့ ပိုအဆင်ပြေလာတယ်လို့ သူက ဆိုပါတယ်။

ဒုတိယအကြိမ် ပင်လုံတုန်းက သူ့ရဲ့ သားက ၆ လသားလေးနဲ့ ပါလာခဲ့ပြီး တတိယအကြိမ်မှာတော့ သားလေးလည်း ၁ နှစ် ခွဲ ကျော်လာပါပြီ။ ကလေးငယ်ရဲ့ သက်တမ်းနဲ့ ချိန်ကြည့်တွက်လို့ ရတဲ့ လက်ရှိ ငြိမ်ချမ်းရေး လုပ်ငန်းစဉ်မှာ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသက ကလေးမိခင်တွေ ကိုယ်စား မနန်းပေါင်းဝ်ဟွမ် တယောက် ဘယ်လိုများ ဆန္ဒပြုထားပါသလဲ။ ရုပ်သံမှာ ရှုစားပါ။