ရွေးကောက်ပွဲမှာ ရုရှား ခြေရှုပ်ခဲ့တာ ထရမ့်လက်ခံ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရွေးကောက်ပွဲမှာ ရုရှား ခြေရှုပ်ခဲ့တာ ထရမ့်လက်ခံ

အမေရိကန် သမ္မတ ထရမ့်က ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲ အတွင်း ရုရှားက ပါဝင် ခြေရှုပ်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေး ဌာနတွေရဲ့ သုံးသပ်ချက်ကို သူလက်ခံတဲ့အကြောင်း ပြောပါတယ်။ သမ္မတ ထရမ့်က သူ ပြီးခဲ့တဲ့ တနင်္လာနေ့က မစ္စတာ ပူတင်နဲ့ တွေ့ဆုံ ပြီးနောက် စကားမှား သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့က သူက ရုရှားရဲ့ ပါဝင်ပတ်သက်မှု တွေ ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ သူ သံသယ ဖြစ်မိတဲ့ သဘောမျိုး ပြောခဲ့တာပါ။ အဲဒီနောက် ရီပတ်ပလစ်ကန် ပါတီက ဝါရင့် နိုင်ငံရေး သမားကြီးတွေရဲ့ ဖိအားတွေကြောင့် အခုလို ထပ်ပြီး ပြောလာခဲ့တာဖြစ်ပါတယ်။

ကိုထက်အောင်က ပြောပြမှာပါ။