နိုင်ဂျီးရီးယားကို ဗြိတိန်လက်နက်မရောင်းဖို့ လူ့အခွင့်အရေးအဖွဲ့ပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ဂျီးရီးယားကို ဗြိတိန်လက်နက်မရောင်းဖို့ လူ့အခွင့်အရေးအဖွဲ့ပြော

ဗြိတိန်က အနေနဲ့ နိုင်ဂျီးရီးယားကို လက်နက်မရောင်းသင့်ဘူးလို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ ဗြိတိသျှ တပ်ဖွဲ့တွေ ကလည်း နိုင်ဂျီးရီးယားမြောက်ပိုင်းမှာ အစ္စလာမ်မစ် အစွန်းရောက်တွေကို တိုက်ဖျက်နှိမ်နင်းဖို့ နိုင်ဂျီးရီးယား စစ်တပ်ကို လေ့ကျင့်ပေးနေပါတယ်။ ဒါပေမယ့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကတော့ နိုင်ဂျီးရီးယား စစ်တပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျူးလွန်ထားတယ်လို့ စွပ်စွဲ ထားပြီး ယူကေက ရောင်းနေတဲ့ လက်နက်တွေကြောင့် အခြေအနေတွေ ပိုဆိုး လာစေ နိုင်တယ်လို့ ပြောပါတယ်။

ဦးဘမော်က ပြောပြမှာပါ။