ရုရှားအရေးနဲ့ ထရမ့်အပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန်ရွေးကောက်ပွဲ ရုရှားခြေရှုပ်မှု သမ္မတ ပူတင်မှာ တာဝန်ရှိ

၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ဝင်ရောက် စွက်ဖက်ခဲ့တာနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်အနေနဲ့ ကိုယ်တိုင် တာဝန်ခံဖို့ လိုတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အမေရိကန် အခြေစိုက် စီဘီအက်စ် သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ သူက အဲဒီလို ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ သမ္မတ ပူတင်နဲ့ တွေ့ဆုံအပြီး ဖင်လန်နိုင်ငံ ဟယ်စင်ကီးမြို့မှာ လုပ်ခဲ့တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာတော့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစား သမ္မတပူတင် ပြောသမျှ နားယောင်ပြီး လက်ခံခဲ့တဲ့ ပုံစံ မစ္စတာ ထရမ့်က ပြောဆိုခဲ့တာပါ။

အပြည့်အစုံကိုတော့ ကိုအောင်သွင်က ပြောပြပေးမှာပါ။