ယီမင်ဒုက္ခသည် ရာနဲ့ချီ တောင်ကိုရီးယားရောက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယီမင်ဒုက္ခသည် ရာနဲ့ချီ တောင်ကိုရီးယားရောက်

ယီမင်နိုင်ငံမှာ ပြီးခဲ့တဲ့ ၃ နှစ်ကျော်က ဖြစ်ခဲ့တဲ့ စစ်ပွဲကြောင့် လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ဒါပေမဲ့ အခုတော့ ယီမင်ဒုက္ခသည် ရာနဲ့ချီဟာ သူတို့ဆီကနေ ကီလိုမီတာ ၈ ထောင်လောက် ဝေးတဲ့ တောင်ကိုရီးယား အပန်းဖြေ ကျွန်းတစ်ကျွန်းကို ရောက်ရှိလာပါတယ်။

ဒီလောက်မိုင်တွေ အဝေးကြီး ခရီးနှင်လာပေမယ့် ဘယ်သူကမှ သူတို့ကို ကြိုဆိုခဲ့တာ မရှိပါဘူး။

ဒီအကြောင်း ဦးဘမော်က ဆက်ပြောပြပေးမှာပါ။