ပူတင်ကို ဝါရှင်တန်လာဖို့ ထရမ့်ဖိတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝေဖန်မှုတွေဆူညံခဲ့တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ဒီနှစ်နှောင်းပိုင်းမှာ ဝါရှင်တန်ကို လာလည်ဖို့ သမ္မတ ထရမ့်က ဖိတ်ကြားဖို့ လုပ်နေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီးမြို့မှာ သူတို့နှစ်ဦး တွေ့ဆုံစဉ်အတွင်း ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေချိန်မှာပဲ အိမ်ဖြူတော်ဘက်က အခုလို ပြောဆိုခဲ့တာပါ။

သမ္မတ ပူတင်ခရီးစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးနေကြပြီ ဆိုတဲ့ သတင်းတွေကြောင့် သမ္မတ ထရမ့်ရဲ့ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး အပါအဝင် လူအများအပြားလည်း အံ့အားသင့်ခဲ့ရပါတယ်။

အပြည့်အစုံကိုတော့ ကိုမိုးမြင့် ပြောပြပေးမှာပါ။