လွတ်လပ်အတွေး ဆွေးနွေးဖလှယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိမ်အကူလုပ်သားတွေ တရားဝင် ဖြစ်ရေး လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် တစ်ယောက်ကို မုဒိန်းမှု စွဲချက်နဲ့ အိမ်အကူ တစ်ယောက်က စွပ်စွဲ လာခဲ့တဲ့ အတွက် အတော်လေး လှုပ်လှုပ် ရှားရှား ဖြစ်သွား ခဲ့ပါတယ်။

နောက် ရက်ပိုင်း အတွင်းမှာပဲ၊ ဒီစွပ်စွဲမှုဟာ လီဆယ် လုပ်ကြံတာ သက်သက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး အိမ်အကူကိုရော ပွဲစား အမျိုးသမီးကိုပါ အရေးယူလိုက်ပါတယ်။

ဒီ ကိစ္စဟာ လူမှု ကွန်ရက်တွေပေါ်မှာပါ အတော်လေး စိတ်ဝင်တစား ပြောဆို ဆွေးနွေး နေကြပါတယ်။

အဓိကကတော့ ကိုယ့်ကိုယ် ဒုက္ခ မပေးမယ့် အိမ် အကူ အလုပ်သမားတွေကို ဘယ်လို စိတ်ချလက်ချ ရှာရမလဲ၊ တစ်ဘက်မှာလည်း အိမ်အကူ လုပ်သားတွေ နှိပ်စက် ခံရတဲ့ အမှုတွေ ရှိနေပြန်တော့ သူတို့ရဲ့ အခွင့်အရေးကိုရော ဘယ်လို ကာကွယ် နိုင်မလဲ ဆိုတာကို လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ဒီဆွေးနွေးခန်းမှာ ပင်တိုင် အနေနဲ့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့နဲ့ ပူးတွဲ လှုပ်ရှားနေတဲ့ မမာမာဦး၊ အမျိုးသမီး အခွင့်အရေး အတွက် တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ Triangle Women အဖွဲ့ရဲ့ ဦးဆောင်သူ မခင်လေးတို့ ပါဝင် ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ စတူဒီယိုခန်းထဲမှာလည်း လန်ဒန်မြို့မှာ ပညာတော်သင်ရောက်နေတဲ့ ဂျာထွယ် ရှိနေပါတယ်။ အမျိုးသမီး အခွင့်အရေး၊ လူမျိုးစု အခွင့်အရေးတွေ အကြောင်း အနီးကပ် စောင့်ကြည့် လေ့လာ နေသူ တစ်ယောက် ဖြစ်တဲ့ မဂျာထွယ်လည်း တတပ်တအား အားဖြည့် ဆွေးနွေး ပေးထားပါတယ်။