ပထမဆုံး ဥရောပရောက် တောင်ပိုင်းကိုဝါလာများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပထမဆုံး ဥရောပရောက် တောင်ပိုင်းကိုဝါလာများ

ဩစတေးလျနိုင်ငံ အယ်ဒါလေးမြို့က နေ ကိုဝါလာ ၆ ကောင်ကို ယူကေက လောင်းလိ ဆာဖာရီ ဥယျာဉ်ကို ပို့ပေးလိုက်ပါတယ်။ ဒီကိုဝါလာတွေက တောင်ပိုင်း မျိုးစိတ်က ဖြစ်ပြီး ဥရောပ တိုက်မှာ တောင်ပိုင်းမျိုးစိတ်အနေနဲ့ သူတို့၆ ကောင်ပဲ ရှိမှာဖြစ်ပါတယ်။ အရင် စကော့တလန်မှာ ရှိနှင့်ပြီးသား ကိုဝါလာ၂ ကောင်ကတော့ မြောက်ပိုင်းမျိုးစိတ်က ဖြစ်ပြီး အများကြီး ပိုသေးပါတယ်။ အခု ပို့လိုက်တဲ့ ကိုဝါလာတွေကနေ တဖြည်းဖြည်း သူတို့မျိုးဆက် ပြန့်ပွားလာဖို့ ရည်ရွယ်ထားပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။