ပါကစ္စတန် ရွေးကောက်ပွဲမှာ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါကစ္စတန် ရွေးကောက်ပွဲမှာ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရ

ပါကစ္စတန် က ရွေးကောက်ပွဲတွေမှာ မဲပေးတာတွေ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ အဓိက ပါတီကြီး ၂ ခု ဖြစ်ကြတဲ့ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း နဝပ်ရှာရစ်ဖ်ရဲ့ ပါတီနဲ့ နာမည်ကျော် ခရစ်ကက် ကစားသမားဟောင်း အင်မရန်ခန်းရဲ့ပါတီတို့တွေ အကြိတ်အနယ် ဖြစ်နေကြပါတယ်။

အခု မဲတွေ စတင်ရေတွက်နေကြပြီဖြစ်ပြီး ကြာသပတေးနေ့မှာ ရလဒ်တွေ ကို ပြောနိုင်လာမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီရွေးကောက်ပွဲ မကျင်းပခင်လေးမှာ ဘဲ ကွက်တာ မြို့က မဲရုံတရုံရှေ့မှာ မဲပေးဖို့ စောင့်ဆိုင်းနေသူတွေကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် လူ ပေါင်း ၃၀ကျော် သေဆုံးခဲ့ရပါတယ်။

ကိုကျော်ဇေယျက ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ