ဂရိနိုင်ငံ တောမီးပြဿနာ ဒေသခံတွေကို အပြစ်ဖို့
ဂရိနိုင်ငံ တောမီးပြဿနာ ဒေသခံတွေကို အပြစ်ဖို့
ဂရိနိုင်ငံမှာ အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးကြောင့် လူ ၈ဝ သေဆုံးပြီး ပျောက်ဆုံးနေတဲ့ လူ ၄ဝ ကိုလည်း ဆက်လက် ရှာဖွေနေကြပါတယ်။
ဒါဟာ ရာသီဥတု ပူပြင်းမှု ၊ လေပြင်းတိုက်တာတွေအပြင် ရှို့မီးလည်း ဖြစ်နိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။
ဒါပေမဲ့လည်း ဂရိ ကာကွယ်ရေး ဝန်ကြီးကတော့ ဒါဟာ တရားမဝင် ဆောက်လုပ်ထားတဲ့ ဒေသခံတွေရဲ့ အဆောက်အအုံတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတွေဘက်ကတော့ သူတို့အနေနဲ့ သတိပေးတားမြစ်မှုတွေ မရခဲ့သလို အရေးပေါ် အကူအညီတွေ ဆောင်ရွက်တဲ့နေရာမှာလည်း နှောင့်နှေးမှုတွေ ရှိတယ်လို့ တုံ့ပြန်ပါတယ်။
အပြည့်အစုံကိုတော့ ကိုအောင်သွင်က ပြောပြပေးမှာပါ။