ရုရှားက အကျဉ်းထောင်တွင်း နှိပ်စက်မှု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရုရှား အကျဉ်းထောင်တွင်း နှိပ်စက်မှုဖမ်းဆီး

ရုရှားမှာ လွန်ခဲ့တဲ့တနှစ်က အကျဉ်းသား တဦးကိုအကျဉ်းထောင်စောင့်တွေက ပြင်းပြင်းထန်ထန် ရိုက်နေတဲ့ ဗီဒီယို ပေါက်ကြားလာခဲ့ပြီးတဲ့နောက်မှာ အကျဉ်းထောင်စောင့် ၆ ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ အခင်းဖြစ်ချိန်တုန်းက အကျဉ်းသားက တိုင်ကြားခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒါပေမယ့် ထောင်စောင့်တဦးရဲ့ ကိုယ်မှာ တပ်ထားတဲ့ ကင်မရာက ဒီအဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီလို နေရာမျိုးတွေမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိနေတာကိုအရင်က ဖုံးကွယ်ထား ခဲ့ပေမယ့် အခု ဒါမျိုးတွေ ရှိနေတာကို ချ ပြလိုက်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ပါတယ်။ မစိုးစိုးထွန်းက ပြောပြမှာပါ။