၈၈ လက်နက်ကိုင်မှသည် ငြိမ်းချမ်းရေး သံတမန် အမျိုးသမီး
၈ ရက် ၈ လ ၁၉၈၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ လူထု အရေးတော်ပုံကြီးဟာ ဆိုရင်တော့ အနှစ် ၃၀ တင်းတင်း ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါတယ်။
တပါတီ အာဏာရှင် စနစ် ကို တိုက်ဖျက် ခဲ့ကြတဲ့ လူထု လှုပ်ရှားမှုကြီး အတွင်း မှာ ကျောင်းသား၊ ရဟန်း ရှင်လူ၊ အလုပ်သမား လူတန်းစား အသီးသီး က လူ ထောင်ပေါင်း များစွာ ရဲ့ အသက်တွေ စတေး ခဲ့ရပါတယ်။
လူထု လှုပ်ရှားမှု ကာလ အတွင်း ကိုယ်တိုင် ပါဝင် ခဲ့သူတွေ ရဲ့ ပြန်ပြောင်း ပြောပြချက်တွေကို ဘီဘီစီ မြန်မာပိုင်း က ၈ လေးလုံး နှစ်သုံးဆယ် ပြည့် အထူး အစီအစဉ် ကို တင်ဆက် ပေးနေရာမှာ အဲဒီ ကာလ တုန်း က လက်နက်ကိုင် တော်လှန်ရေး သမား တယောက် ဖြစ်ခဲ့ပြီး အခုတော့ ငြိမ်းချမ်းရေး သံတမန် အမျိုးသမီး တစ်ယောက် ရဲ့ အကြောင်း ကို တင်ဆက် ပေးလိုပါတယ်။
၈၈ တုန်း က ကျောင်းသူ တယောက် ဖြစ်တဲ့ မိဆူးပွင့် ရဲ့ တက္ကသိုလ် ကျောင်းဝင်း မှ သည် လက်နက်ကိုင်တော်လှန်ရေး ကို ဖြတ်သန်းခဲ့တဲ့ သူ့ပုံရိပ်နဲ့ မြန်မာပြည် ငြိမ်းချမ်းရေး အတွက် သူ့ရဲ့ အိပ်မက် တွေ အကြောင်း သူကိုယ်တိုင် ပြောပြ ထားပါတယ်။