ရှစ်လေးလုံး အရေးတော်ပုံ နှစ် ၃၀ ပြည့်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရှစ်လေးလုံး လူထုအုံကြွမှု ကို ဒီအချိန်မှာ သူတို့ ဘယ်လို ပြန်မြင်ကြလို့ ဘယ်လိုပြန်သုံးသပ်ကြပါသလဲ

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲ့တာ ဒီနေ့မှာ နှစ် ၃၀ ပြည့်ပြီဖြစ်လို့ ပုလဲရတုတိုင်ခဲ့ပါပြီ။

အရပ်သား အစိုးရလက်ထက် ရှစ်လေးလုံး ပုလဲရတု အခမ်းအနားတွေကို ပထမဆုံး အနေနဲ့ ရန်ကုန် တက္ကသိုလ်ထဲမှာ သုံးရက်တာ ကျင်းပခဲ့ပါတယ်။

၁၉၈၈ ကာလတုန်းက က ကျောင်းသားခေါင်းဆောင်တွေ၊ တပ်မတော်သားတွေ၊ တိုင်းရင်းသားအရေး လှုပ်ရှားသူတွေ ရှစ်လေးလုံး ကို အဲဒီအချိန် က ဘယ်လိုမြင်ခဲ့ပြီး ဒီနေ့မှာကော အဲဒီ အုံကြွမှုကြီး ကို ဘယ်လို ပြန်မြင်ကြ ပြန်သုံးသပ်ကြ ပါသလဲ။

ကိုမင်းကိုနိုင်၊ ဝန်ကြီးဟောင်း ဦးရဲထွဋ်၊ ဒေါက်တာစင်သီယာမောင်၊ ဆလိုင်းလျန်မှုန်း စတဲ့သူတွေရဲ့ ရှစ်လေးလုံး အပေါ် အနီးမြင်၊ အဝေးမြင် တွေကို ရှစ်လေးလုံး အရေးတော်ပုံရဲ့ ပုလဲရတု အထိမ်းအမှတ် အထူးအစီအစဉ် အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။