စိတ်ကြွဆေးပြား မူးယစ်အန္တရာယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စိတ်ကြွဆေးပြား မူးယစ်အန္တရာယ်- လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

အခု ရက်ပိုင်းတွေ အတွင်းမှာပဲ စိတ်ကြွဆေးပြားတွေနဲ့ အတူ လက်ဝယ် ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ သူတွေထဲ လူအများသိကြတဲ့ အနုပညာ အသိုင်းအဝိုင်းက သူတချို့လည်း ပါဝင် နေတာကြောင့် စိတ်ကြွဆေးပြား အန္တရာယ် အပေါ် လူတွေရဲ့ အာရုံစိုက်မှုတွေ တိုးလာ နေပါတယ်။

ရခိုင်ပြည်နယ်ထဲ တန်ဖိုး အမေရိကန် ဒေါ်လာ ၅ သန်းခွဲ ဝန်းကျင်လောက် ထိအောင် ရှိတဲ့ စိတ်ကြွဆေးပြားတွေ အစုလိုက် အပုံလိုက် ပိုင်ရှင်မဲ့ ဆိုပြီး ဩဂုတ်လ ၁၇ရက်နေ့က တွေ့လာရပြန်ပါတယ်။

အကိုင်းအခက်ချိုင်နေရုံနဲ့ မူးယစ် ပပျောက်မှာ မဟုတ်

မောင်တောမှာ ယာဘသန်းချီ ဖမ်းမိပြန်

ဒါရိုက်တာ မိုက်တီး မူးယစ်မှုနဲ့ အမှုဖွင့်ခံရ

Image caption အများကြီးမိရင် ပိုင်ရှင်မဲ့၊ နည်းနည်လေးဆို လက်ဝယ်တွေ့ရှိ

ဒီတော့ အနုပညာ လောက ထဲမှာသာမက၊ ရပ်ထဲရွာထဲမှာပါ ဒီ စိတ်ကြွဆေးပြားတွေ၊ ဘယ်လောက် ဖောဖောသီသီနဲ့ အလွယ်တကူ ရနေလဲ။ လူတွေကြား စိတ်ကြွဆေး သုံးတဲ့ ပြဿနာဟာ ဘယ်လောက်တောင် ကျယ်ပြန့်နေလဲ။

ဒီ အန္တရာယ်ကို ဘယ်လို ကိုင်တွယ် ကြမလဲ စတာတွေကို ဒီတစ်ပတ် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် ကဏ္ဍမှာ ဆွေးနွေး ခဲ့ကြပါတယ်။

အဆိုတော် ကိုအနဂ္ဂက ဆိုရင် အနုပညာ ဖန်တီးမှုနဲ့ စိတ်ကြွဆေး မပတ်သက်ဘူးလို့ ဆိုပါတယ်။

ဆာတိုရီ ရုပ်ရှင်လုပ်ငန်းက ထုတ်လုပ်သူလည်းဖြစ်၊ ဒါရိုက်တာလည်းဖြစ်တဲ့ ကိုရီဇော်ကလည်း အနုပညာ လောက တစ်ခုတည်း ကွက်ပြီး ကိုင်တွယ်လို့ မရဘူး၊ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ မူဝါဒကို နိုင်ငံတော် အဆင့် ပြောင်းဖို့ လိုတယ် ဆိုပြီး သုံးစွဲကြသူတွေပဲ အဓိက ဖမ်းခံ နေရတဲ့ အဖြစ်ကို ထောက်ပြ ပြောဆို သွားပါတယ်။

Image caption သမ္မတ အမိန့်နောက်ပိုင်း သတင်းပေးလာသူတွေ ရှိ
Image caption ထုတ်လုပ်မှု၊ လက်ကြီး ရောင်းဝယ် ဖောက်ကားမှုတွေ ကိုရော ထိန်းနိုင်ပြီလား

ဝင်ရောက် ဆွေးနွေးကြသူတွေကလည်း ယာဘ စိတ်ကြွဆေးပြားတွေ စျေးပေါပေါနဲ့ ဖောဖောသီသီ ရပ်ထဲရွာထဲ တနိုင်ငံလုံး အနှံ့ ပြန့်နေတယ်လို့ ဆိုပါတယ်။

ထုတ်လုပ်မှုကို မဖြိုဖျက်နိုင်ပဲ၊ လက်ကြီး ရောင်းဝယ်ဖောက်ကား သူတွေကို မဖော်ထုတ်နိုင်ပဲ စိတ်ကြွဆေး အန္တရာယ် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ သဘောထား အမြင်တွေကို အသီးသီး ပြောဆိုခဲ့ကြပါတယ်။