လေညစ်တွေ ရှူတာ များလေ ဉာဏ်ရည် ကျလေ

လေညစ်တွေ ရှူတာ များလေ ဉာဏ်ရည် ကျလေ

တရုတ် သုတေသီ တွေရဲ့ လေ့လာ တွေ့ ရှိချက် အရ လေဆိုး လေညစ် တွေကို ရှူ ရှိုက်ရတဲ့ လူတွေမှာ ဉာဏ်ရည် ဉာဏ်သွေး ပိုမို ကျဆင်း လာတယ်လို့ ဖော်ပြ ထားပါတယ်။

အချိန်ကြာကြာရှူ ခဲ့ရင် ဒီမန်းရှား လို အသိဉာဏ် ချို့တဲ့ တဲ့ ဝေဒနာမျိုးတွေတောင် ခံစား ရနိုင်တယ်လို့ သုတေသီ တွေက ပြောပါတယ်။

WHO ရဲ့ ထုတ်ပြန်ချက် အရ ကမ္ဘာပေါ်က လေထု ညစ်ညမ်းမှု ဒဏ်ကို အများဆုံး ခံနေရတာ က အာရှ တိုက်ရဲ့ မြို့ကြီးတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အာရှ အနေနဲ့ ဒီပြဿနာ ကို မဖြေရှင်း နိုင်ရင် မျိုးဆက် တဆက်မှာ ဥာဏ်ရည် နိမ့်ကျတဲ့ ဒဏ် ကို ခံစားရမယ်လို့လည်း သတိပေး နေပါတယ်။