ဆွာချောင်းတမံပေါက်မှု ရေဘေးဒုက္ခသည် ခြောက်သောင်းကျော်ရှိ

ဆွာချောင်းတမံပေါက်မှု ရေဘေးဒုက္ခသည် ခြောက်သောင်းကျော်ရှိ

ပဲခူးတိုင်းဒေသကြီး ဆွာချောင်းရေလောင်တမံ ရေပိုလွှဲဆည် အတွင်းနံရံတခု ဗုဒ္ဓဟူးနေ့က ပြိုကျခဲ့အပြီး အနီးအနားက ရွာတွေက ဒေသခံ ၆၄,ဝဝဝ လောက် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

နောက်ပြီး ရေပတ်လည် ဝိုင်းနေလို့ ကယ်ဆယ်ရေး စခန်းတွေဆီ ရောက်မလာကြသေးတဲ့ သူတွေဆီကိုလည်း ကူညီကယ်ဆယ်ရေး တွေ ဆက်လုပ်နေရပါတယ်။

အခုတော့ အာဏာပိုင်တွေက ပြိုကျသွားတဲ့ ဒီရေလောင်တမံ အတွင်းနံရံကို ပြုပြင်မွမ်းမံနေကြပါတယ်။

ဒီအကြောင်း ကိုအောင်သွင်က ဆက်ပြောပြပေးမှာပါ။