ဆည်မြောင်းတာတမံ စိတ်ချလုံခြုံရေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆည်မြောင်းတာတမံ စိတ်ချလုံခြုံရေး - လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

ဒီတစ်ပတ်မှာတော့ ဆည်မြောင်းတာတမံ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဒီ ရက်ပိုင်း အတွင်းပဲ ပဲခူး တိုင်းထဲက ဆွာ ရေလှောင်တမံရဲ့ ရေပိုလွှဲဆည် နံရံ ပြိုကျလို့ ဆွာမြို့နဲ့ အနီးနား ကျေးရွာတွေ ရေလွှမ်းခံရ၊ လူတွေ သောင်းနဲ့ချီ ထွက်ပြေးရ ဖြစ်လာပါတယ်။

သေဆုံး၊ ပျောက်ဆုံးသူတွေ ရှိတဲ့ အထိ ရေဘေးဒဏ် ခံရတာ ဖြစ်ပါတယ်။

မိုးအဆက်မပြတ်ရွာပြီး၊ မြစ်ရေကြီးတာ အပါအဝင် မုတ်သုန်ရာသီ ဥတုဒဏ်ကို လနဲ့ချီပြီး ဒီနှစ် ပြင်းပြင်းထန် ခံနေရတဲ့ မြန်မာနိုင်ငံမှာ ဆည်၊ မြောင်း တာတမံတွေရဲ့ ကြံ့ခိုင်မှု အပေါ် အများပြည်သူ အနေနဲ့ ဘယ်လောက် စိတ်ချ ယုံကြည် နိုင်ပါသလဲ။

ဆည်တွေ တမံတွေ ဘေးနား နေထိုင်ကြတဲ့ ပြည်သူတွေ အနေနဲ့ ဘယ်လောက် ကျောလုံလုံ စိတ်ချလက်ချ နေနိုင်လဲ၊ တာဝန်ရှိသူတွေ ဘက်က ဘာတွေ ဆောင်ရွက် ပေးလဲ၊ ဘေးအန္တရာယ် ကြုံလာရပြီ ဆိုရင် အရေးပေါ် တုံ့ပြန် ကိုင်တွယ်နိုင်စွမ်းတွေ ဘယ်လောက် ရှိသလဲ …. စတာတွေ ဆွေးနွေး ခဲ့ကြတာပါ။

ဒီ ည အစီအစဉ်မှာ ဆွာ ရေဘေးကို ကိုယ်တွေ့ ကြုံခဲ့ရသူတွေရဲ့ အသံတွေနဲ့ အတူ ဆည်မြောင်းဘက်က တာဝန် ရှိသူတွေ၊ ဒေသန္တရ အာဏာပိုင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အသံတွေ စုံစုံလင်လင်ပါဝင်ပါတယ်။