ရိုက်တာ သတင်းထောက်တွေကို ထောင် ၇ နှစ် ပြစ်ဒဏ်ချမှတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရိုက်တာ သတင်းထောက်တွေကို ထောင် ၇ နှစ် ပြစ်ဒဏ်ချမှတ်

ရခိုင်ပြည်နယ်အရေး သတင်းရေးသားဖို့ အချက်အလက် စုဆောင်းနေရင်း နိုင်ငံတော် လျှို့ဝှက်ချက် အက် ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို စက်တင်ဘာလ ၃ ရက်နေ့မှာ ထောင် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

သတင်းထောက် နှစ်ဦးလုံးကတော့ သူတို့ ဘာမှ အမှားလုပ်မထားဘူးလို့ တရားခွင်ထဲမှာ ငြင်းဆိုသွားခဲ့ပါတယ်။

ဒီပြစ်ဒဏ်နဲ့ ပတ်သက်လို့ ဥရောပ သမဂ္ဂ၊ ဗြိတိန်၊ အမေရိကန် နဲ့ ပြင်သစ်သံရုံးအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေက ကန့်ကွက်ခဲ့ကြပြီး သတင်းထောက်တွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အပြည့်အစုံကိုတော့ တရားခွင်မှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဘီဘီစီ မြန်မာပိုင်း သတင်းထောက် ကိုစံကျော်က ပြောပြပေးမှာပါ။