ငြိမ်းချမ်းရေးအတွက် သမ္မတကမ်းလှမ်းရင် ကူညီချင်တယ်လို့ ဦးအောင်မင်းပြော

ငြိမ်းချမ်းရေးအတွက် သမ္မတကမ်းလှမ်းရင် ကူညီချင်တယ်လို့ ဦးအောင်မင်းပြော

မြန်မာအစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအကြား ရှေ့မတိုးနောက်မဆုတ်နိုင်တဲ့ ငြိမ်းချမ်းရေး ခရီးလမ်းမှာ အစိုးရ၊ စစ်တပ်နဲ့ လွှတ်တော်ကြားမှာ မှန်ကန်တဲ့ မူဝါဒတွေ ချမှတ်ဖို့ လိုတယ်လို့ အရင်အစိုးရလက်ထက် ငြိမ်းချမ်းရေးကဏ္ဍကို ဦးဆောင်ခဲ့တဲ့ ဝန်ကြီးဟောင်း ဦးအောင်မင်းက ထောက်ပြပါတယ်။

သူ့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လုပ်ဆောင်ပေးဖို့ သမ္မတအမိန့်နဲ့ ကမ်းလှမ်းခဲ့ရင် ကူညီချင်တယ်လို့ ဦးအောင်မင်းက ပြောဆိုထားပါတယ်။

ဘီဘီစီအကြီးတန်းသတင်းထောက် စောရန်နိုင် က ဝန်ကြီးဟောင်းဦးအောင်မင်းကို ရန်ကုန်မြို့မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။