ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပိုပါဝင်သင့်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပိုပါဝင်သင့်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ဒီထက်ပို ပါဝင်လာအောင် အစိုးရ အနေနဲ့ ပိုမို လုပ်ဆောင်သင့်တယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ Triangle Women အဖွဲ့ တည်ထောင်သူ မခင်လေးက ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲ စကော့တလန်မှာ ကျင်းပခဲ့တဲ့ Women in Conflict Peace Initiative အလုပ်ရုံဆွေးနွေးပွဲမှာ မခင်လေးဟာ ပဋိပက္ခတွေ ဖြစ်နေတဲ့ နိုင်ငံတွေက အမျိုးသမီးတွေနဲ့အတူ တက်ရောက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မခင်လေးကို ဝိုင်းတော်သား ကိုထက်အောင်က လန်ဒန်မြို့ ဘီဘီစီ ရုံးချုပ်မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။