ယာဇီးဒီးတို့ ရှင်သန်နိုင်ဖို့ ရုန်းကန်ရဆဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိုင်အက်စ်လက်က ပြေးလာတဲ့ ယာဇီးဒီးတို့ ရှင်သန်နိုင်ဖို့ ရုန်းကန်ရဆဲ

လွန်ခဲ့တဲ့ ၄ နှစ်လောက်က အီရတ်ပြည် မြောက်ပိုင်းက ယာဇီးဒီးမျိုးနွယ်စု တွေထောင်နဲ့ချီပြီး အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။ နောက်ပြီး အများအပြားကိုလည်း ကျွန်ပြုခိုင်းစေတာတွေ လုပ်ခဲ့ ကြပါတယ်။

ယာဇီးဒီး ၅၀,၀၀၀ လောက်ဟာလည်း အနီးက စင်ဂျာတောင်ပေါ်ကို ရှောင်ပြေးခဲ့ရပါတယ်။ အခုတော့ ကုလသမဂ္ဂက ယာဇီးဒီးတွေ ကြုံတွေ့ခဲ့ရတာဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ အဖြစ်ဆိုးတွေ ကြုံခဲ့တဲ့နောက်ပိုင်း ဘာတွေ ဆက်ကြုံတွေ့ခဲ့ကြရပါသလဲ။ ဘီဘီစီရဲ့ နိုင်ငံတကာ ရေးရာ သတင်းထောက်ချုပ် လိစ္စ ဒူးဆက်ရဲ့ သတင်း ကို မသီဒါနွယ်က ပြောပြမှာပါ။