စပိန်ကို ဒုက္ခသည် စံချိန်တင် ဝင်ရောက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စပိန်ကို ဒုက္ခသည် စံချိန်တင် ဝင်ရောက်

၂၀၁၈ နှစ်ဆန်းက စလို့ စပိန်ကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း ဒုက္ခသည်ပေါင်း ၃၀၀၀၀ ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့ ၃ လအတွင်းမှာတင် လူပေါင်း ၂၅၀၀၀ ဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဆယ်စုနှစ်တခုအတွင်းအများဆုံး ဝင်ရောက်လာမှုလည်းဖြစ်ပါတယ်။

စပိန်အစိုးရကတော့ဒီလူတွေဟာ တခြား ဥရောပနိုင်ငံတွေကို ရွှေ့ပြောင်းသွားကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်ဘယ်လောက်ကျန်နေသေးတယ်ဆိုတာတော့မသိသလို အဲဒီ လူတွေဟာ တရားမဝင်ဝင်ရောက်လာကြတာဖြစ်လို့ရှင်သန်ရပ်တည်ရေးမှာ အခက်အခဲတွေ နဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ကိုရင်မောင်က ပြောပြထားပါတယ်။