ရိုက်တာ သတင်းထောက် ကိုဝလုံးရဲ့ဇနီးနဲ့ ဘီဘီစီ တွေ့ဆုံ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရိုက်တာ သတင်းထောက် ကိုဝလုံးရဲ့ဇနီးနဲ့ ဘီဘီစီ တွေ့ဆုံ

နိုငံတော် လျှို့ဝှက်ချက် အက် ဥပဒေ နဲ့ ရိုက်တာ သတင်းထောက် တွေကို ထောင် ဒဏ် ချမှတ် ခဲ့တဲ့ တရားရုံးရဲ့အမိန့်ကြောင့် တုန်လှုပ်ခဲ့ရတယ်လို့ သတင်းထောက် ကိုဝလုံးရဲ့ အမျိုးသမီး မပန်းအိမွန်က ပြောပါတယ်။

သူ့ အနေနဲ့ မီးဖွား ပြီးတာ သိပ် မကြာသေးတဲ့ အပြင် တလတောင် မပြည့်သေးတဲ့ သမီးလေးကို ဖခင် မလွတ်မြောက်လာခင်မှာ တစ်ယောက်တည်း ပြုစုပျိုးထောင်ရမှာကို တွေးပြီးစိတ်ဓာတ်ခိုင်မာအောင် ဟန်ဆောင်နေရတယ်လို့ သူက ဆို ခဲ့ပါတယ်။

ရိုက်တာ သတင်းထောက် တွေကို ထောင်ဒဏ် ၇ နှစ် ချမှတ် လိမ့်မယ်လို့ မထင်ထား ဘူးလို့ လည်း သူက ဆိုပါတယ်။ ခင်ပွန်း သည် ထောင် ကျခဲ့တဲ့ အတွက်သူ့ အပေါ်မှာ ဘယ်လို များ ထိခိုက် မှု တွေ ရှိခဲ့သလဲ ဆိုတာကိုတော ကိုဝလုံး ရဲ့ အမျိုးသမီး မပန်းအိမွန်ကိုယ်တိုင် ပြောပြ ထားပါတယ်။