ဆီးရီးယား အရေး သုံးပွင့်ဆိုင်ဆွေးနွေး

ဆီးရီးယား အရေး သုံးပွင့်ဆိုင်ဆွေးနွေး

ဆီးရီးယားနိုင်ငံ အဒ်လစ် ဒေသမှာ သူပုန်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ သေချာပေါက် လုပ်ရမယ်လို့ အီရန် သမ္မတ က ပြောပါတယ်။

ဒါပေမဲ့ မြို့တော် တဟီရန် မှာ တူရကီနဲ့ ရုရှားခေါင်းဆောင်တွေနဲ့အတူ လုပ်နေတဲ့ ထိပ်သီးညီလာခံမှာတော့ လူအစုလိုက်အပြုံလိုက် သတ်မှုရဲ့ အန္တရာယ်တွေကို တူရကီဘက်က သတိပေးပြောဆိုလိုက်ပါတယ်။

အဲဒီ ဒေသမှာ လူပေါင်း သုံးသန်းလောက် နေနေကြပြီး တချို့က ဂျေဟတ်ဝါဒီ တွေ ဖြစ်ပေမယ့် အများစုကတော့ ဘယ်မှ သွားစရာမရှိတဲ့ ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။

ဒီအကြောင်း ကိုရင်မောင်က ဆက်ပြောပြပေးမှာပါ။