လိပ်ခုံးကားလေးကို ရပ်တော့မယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လိပ်ခုံးကားလေးကို ရပ်တော့မယ်

ဂျာမနီက ဗောက်ဆွာဂန် ဘီးတဲလ်လို့ ပြောလိုက်ရင် မသိသူ တော်တော်ရှာပါးတယ်။ နာဇီ ဂျာမနီက ခေတ်က စခဲ့တဲ့ အဲဒီ လိပ်ခုံး ကားလေးဟာ ဟစ်ပီခေတ်ရဲ့ အမှတ်လက္ခဏာ တခုလိုလည်း ဖြစ်ခဲ့တာပါ။ အဲဒီလောက် ကမ္ဘာတဝန်းလုံးမှာ ချစ်ခဲ့ကြတဲ့၊ စီးခဲ့ကြတဲ့ ကားလေးကို လာမယ့်နှစ်က စလို့ ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ်လို့ ဂျာမန် ကားကုမ္ပဏီက ကြေညာလိုက်ပါပြီ။ သူတို့က မိသားစု စီးနိုင်မယ့်ကားတွေနဲ့ လျှပ်စစ်ကားတွေကို ပိုဦးစားပေး ထုတ်လုပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ကိုသက်ထွေးနိုင်က ပြောပြမှာပါ။