ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနေတဲ့ အကြောင်းရင်း

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြန့်ကြာနေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့အတွက် သုံးပွင့်ဆိုင် အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲကို ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ နေပြည်တော်မှာ ကျင်းပခဲ့ပေမယ့် အရင်ဆွေးနွေးပွဲတွေလိုပဲ ခွဲမထွက်ရေးနဲ့ တခုတည်းသော တပ်မတော် ထားရှိရေး ကိစ္စရပ်တွေမှာ ရေရာတဲ့ အဖြေမရခဲ့ပါဘူး။

မတူညီတဲ့ အဖွဲ့အစည်းတွေကြား ဘုံသဘောဆန်တဲ့ အခြေခံ အကြောင်းအရင်းကို ရှာဖို့ ခဲယဉ်းနေသရွေ့ ရှင်းလင်းပြတ်သားတဲ့ အဖြေရမှာ မဟုတ်ဘူးလို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ပဒို စောတာဒိုမူးက ပြောပါတယ်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း ပဒို စောတာဒိုမူးကို ကိုငြိမ်းချမ်းအေးက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။