world tallest statue
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိန္ဒိယ ဂူဂျာရက် ပြည်နယ်မှာ ဆောက်နေတဲ့ ရုပ်တုကြီး က ၅၉၇ ပေ အမြင့်ရှိ

အိန္ဒိယ နိုင်ငံ လွတ်လပ်ရေး ရတဲ့ အခါမှာ ပြည်နယ် အသီးသီး က လောင်မြိုက်နေတဲ့ လူမျိုးရေး မုန်းတီး မှုတွေကို ပေါင်းစည်း ပေးခဲ့သူ ဆလာ ဗါဒါဘိုင် ပီတယ် ကို ဂုဏ်ပြု တည်ဆောက် ထားတဲ့ အရုပ်ကြီးရဲ့ နာမည် ကို စည်းလုံး ညီညွတ်ခြင်း ရုပ်တု လို့ အမည်ပေး ထားပါတယ်။

ဒီ ရုပ်တု ကြီး ကို ၂၀၂၁ ခုနှစ်မှာ ဖွင့်လှစ်မှာပါ။ ဒါပေမယ့် ကုန်ကျစားရိတ် များလွန်းတယ်၊ သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက်စေနိုင်တယ် ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီရုပ်တု ကြီးထက် ၁၇၃ ပေသာ နိမ့်တဲ့ မြန်မာ နိုင်ငံ မုံရွာမြို့က မဟာ ဗောဒိ တထောင် ရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီး က ကမ္ဘာ့ တတိယ အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဖြစ် စာရင်းဝင်ထားတာပါ။