ဘာသာရေးစော်ကားသူရဲ့ သေဒဏ်ကို ပယ်ဖျက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘာသာရေးစော်ကားသူရဲ့ သေဒဏ်ကို ပယ်ဖျက်

ပါကစ္စတန်က ဘာသာရေး စော်ကားမှုနဲ့ သေဒဏ် ချမှတ်ခံခဲ့ရတဲ့ ခရစ်ယာန် ဘာသာဝင် အိုင်ရှာဘီဘီ ဟာပြီးခဲ့တဲ့ ၈ နှစ် လုံးလုံး ထောင်ထဲမှာ ပြစ်ဒဏ်ကျခံနေခဲ့ရပါတယ်။

အခုတော့ တရားရုံးချုပ်က သူ့ကိုပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးလိုက်ပါပြီ။ အိုင်ရှာဘီဘီကို ၂၀၁၀ ခုနှစ်အတွင်းက အိမ်နီးချင်းနဲ့စကားများရာမှာ တမန်တော်မိုဟာမက်ကို စော်ကားခဲ့တယ်လို့ စွပ်စွဲ ပြီး အပြစ်ပေး ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုပြစ်ဒဏ် ရုပ်သိမ်းပေးခဲ့တာနဲ့ ပတ်သက်လို့ တရားရုံးချုပ်က တရားလိုဘက်က ယုံကြည်လောက်အောင် အထောက်အထား မပြနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ