ဒီမိုကရက်တွေ ပြန်အားကောင်းလာတဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီမိုကရက်တွေ ပြန်အားကောင်းလာတဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ

အမေရိကန်ပြည်ထောင်စုမှာကျင်းပခဲ့တဲ့သက်တမ်းဝက်ရွေးကောက်ပွဲမှာတော့ အောက်လွှတ်တော်မှာ ဒီမိုကရက်တွေ အနိုင်ရပြီး ၈ နှစ်အတွင်း ပထမဆုံးအကြိမ် အမတ်နေရာ အများစုကိုရရှိသွားခဲ့ပါတယ်။ ဒါပေမယ့် အထက်လွှတ်တော်မှာတော့ ရစ်ပတ်ပလစ်ကန်တွေက အသာ ရခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ထရမ့်ကတော့ ကြီးမားတဲ့အောင်မြင်မှု ဆိုပြီး သူ့တွစ်တာပေါ်မှာ ရေးခဲ့ပါတယ်။ ဒါပေမယ့်တကယ်တမ်းမှာဒါဟာ အခြေအနေ ရှုပ်ထွေးလာစေမယ့် ရလဒ်တခုဖြစ်ပြီး အနာဂတ်မှာ သူလုပ်ချင်တာတွေကို လုပ်ဖို့အတွက် ဘယ်လိုဆက်သွားမလဲ ဆိုတာကို မေးခွန်းတွေ ထွက်လာနေပြီဖြစ်ပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။