တနင်္သာရီကမ်းရိုးတန်းမှာ တရားမဝင် ငါးဖမ်းလုပ်ငန်းကြောင့် ဒေသခံတွေ ထိခိုက်နေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တနင်္သာရီကမ်းရိုးတန်းမှာ တရားမဝင် ငါးဖမ်းလုပ်ငန်းကြောင့် ဒေသခံတွေ ထိခိုက်

တနင်္သာရီတိုင်း ကမ်းရိုးတန်းရေပြင်မှာ ကမ်းနီးလုပ်ကွက် ငါးဖမ်း ရေပိုက်နက်ထဲ အထိ တရားမဝင် ခိုးဝင်ပြီး ဖမ်းဆီးနေတဲ့ ကမ်းဝေး ငါးဖမ်းလှေကြီးတွေကြောင့် ကမ်းနီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင် စားသောက်ရတဲ့ ဒေသခံ တံငါလုပ်ငန်း လုပ်ကိုင်သူတွေ ထိခိုက်နစ်နာတွေရှိနေတယ်လို့ ကျွန်းစုမြို့နယ် အတွင်းက ကျေးရွာအုပ်စုတွေမှာ နေထိုင်တဲ့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

အခုလိုဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေအပေါ် ဒေသခံတွေကအကူအညီတောင်းလာတဲ့အတွက် တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဇော်ဟိန်းက သူကိုယ်တိုင် နိုဝင်ဘာ ၃ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ပင်လယ်ပြင် အတွင်း ဆင်းပြီး ကမ်းနီးလုပ်ကွက် ဧရိယာတွေကို လိုက်လံလေ့လာခဲ့တယ်လို့ဘီဘီစီကိုပြောပါတယ်။

ဒေသခံ ရေလုပ်သားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရုပ်သံမှာ ရှုစားပါ။

ဆက်စပ် အကြောင်းအရာများ