အစ္စရေးက အမေ့ခံ ထိုင်းလုပ်သားတွေ ဘဝ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အစ္စရေးက အမေ့ခံ ထိုင်းလုပ်သားတွေ ဘဝ

အစ္စရေး နိုင်ငံမှာ တောင်ယာ အလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံသား နှစ်သောင်းခွဲလောက်ဟာ မတော်မတရား ပြုကျင့်ခံနေရတယ်ဆိုတာကို ဘီဘီစီက စုံစမ်းဖော်ထုတ် သတင်းယူနိုင်ခဲ့ပါတယ်။

အလုပ်သမား တချို့ဟာ လုပ်ခငွေ ပုံမှန်မရသလို ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နေနေကြရပြီး ဒါဇင်နဲ့ချီလည်း သေဆုံးခဲ့ရပါတယ်။

မစန္ဒာဝင်းက ပြန်ပြောပြပေးမှာပါ။