ကန်နယ်စပ်မှာ မျက်ရည်ယိုဗုံးသုံးတဲ့ ကိစ္စ စစ်ဆေးဖို့ မက္ကဆီကို တောင်းဆို
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကန်နယ်စပ်မှာ မျက်ရည်ယိုဗုံးသုံးတဲ့ ကိစ္စ စစ်ဆေးဖို့ မက္ကဆီကို တောင်းဆို

တနင်္ဂနွေနေ့က မက္ကဆီကို နဲ့အမေရိကန် ပြည်ထောင်စု နယ်စပ်အနီးက တီဟွားနားမှာ ရွေ့ပြောင်း ဒုက္ခသည်တွေအပေါ် မျက်ရည်ယို ဗုံးတွေသုံးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့မက္ကဆီကိုက တောင်းဆိုလိုက်ပါတယ်။

နှစ်နိုင်ငံကို ခြားထားတဲ့ ခြံစည်းရိုးကို ကျော်တက် ဝင်ရောက်လာသူ ၄၂ ဦးကိုလည်း အမေရိကန် နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ပါတယ်။ မက္ကဆီကိုလည်း အမေရိကန်ကို ရောက်ဖို့ အတွက် သူတို့ နိုင်ငံထဲကနေ ဖြတ်ကျော်ဖို့ရောက်နေတဲ့ တခြားနိုင်ငံတွေက ရွှေ့ပြောင်းသူ ၉၈ ဦးကို နှင်ထုတ်ခဲ့ပါတယ်။

ဦးဘမော်က ပြောပြမှာပါ။