ငလျင်ကြောင့် ကွဲခဲ့ရတဲ့ အင်ဒိုမိသားစုတွေ ပြန်ဆုံ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ငလျင်ကြောင့် ကွဲခဲ့ရတဲ့ အင်ဒိုမိသားစုတွေ ပြန်ဆုံ

အင်ဒိုနီးရှားနိုင်ငံက ဆူလာဝေစီ ကျွန်းမှာ အင်အားပြင်း ငလျင်ကြီးနဲ့ ဆူနာမီ လှိုင်းတွေရဲ့ ဘေးဒဏ်ကို ခံစားခဲ့ရတာ ၂ လ ရှိခဲ့ ပြီဖြစ်ပါတယ်။ လူ ၂၀၀၀ ကျော်လည်း သေဆုံးခဲ့ရသလို ကလေးသူငယ် ရာပေါင်းများစွာဟာလည်း မိသားစုတွေနဲ့ ကွဲကွာ သွားခဲ့ရပါတယ်။

အခုတော့ ပြန်လည် ထူထောင်ရေးတွေ စနေပြီဖြစ်သလို ကွဲကွာခဲ့ကြတဲ့ မိသားစုတွေကိုလည်း ပြန်လည် ဆုံစည်း နိုင်အောင်ဆောင်ရွက်နေ ကြပြီဖြစ်ပါတယ်။ အဲဒီထဲက ပြန်ဆုံစည်းခဲ့ကြတဲ့ မိသားစု ရဲ့အငြိုကြားက အပြုံးမျက်နှာတွေအကြောင်း မရီရီအောင်က ပြောပြထားပါတယ်။