ဒုက္ခသည်စခန်းက မွတ်ဆလင်တွေ ဘာကြောင့် ခိုးထွက်နေသလဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒုက္ခသည်စခန်းက မွတ်ဆလင်တွေ ဘာကြောင့် ခိုးထွက်နေသလဲ

နိုဝင်ဘာ၂၅ ရက်နေ့ညက တနင်္သာရီတိုင်း လောင်းလုံမြို့နယ်ထဲက ကမ်းရိုးတန်းတစ်ခုမှာ မွတ်ဆလင် ဒုက္ခသည် ၉၀ ကျော်ပါတဲ့ လှေတစ်စီးကို မြန်မာ့တပ်မတော်(ရေ)က တွေ့ရှိလို့ ထိန်းသိမ်းခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒါဟာ နိုဝင်ဘာလထဲမှာ ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းတွေကနေ ရေကြောင်းခရီးနဲ့ ထွက်ပြေးခဲ့ကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ဖမ်းမိခဲ့တာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းက မွတ်ဆလင်တွေ ဘယ်လို ပုံစံနဲ့ အခုလိုလှေတွေနဲ့ ထွက်ခွာ နိုင်တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး စစ်တွေမြို့အနီးမှာရှိတဲ့ ဒါးပိုင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်အဖွဲ့ဝင်တစ်ဦးကို ဘီဘီစီသတင်းထောက်ကိုအောင်သူရက ဆက်သွယ်မေးမြန်းထားပါတယ်