ပျံသန်းဖို့တောင် မသင့်ခဲ့တဲ့ လိုင်းယွန်းအဲ လေယာဉ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပျံသန်းဖို့တောင် မသင့်ခဲ့တဲ့ လိုင်းယွန်းအဲ လေယာဉ်

ပြီးခဲ့တဲ့လက အင်ဒိုနီးရှားက လိုင်းယွန်းအဲ လေယာဉ် ဘာကြောင့် ပျက်ကျခဲ့ရသလဲ ဆိုတာနဲ့ပတ်သက်လို့ ပဏာမ အစီရင်ခံစာ ထွက်လာပြီဖြစ်ပါတယ်။ အဲဒီထဲမှာ ဒီ ဘိုးရင်း 737 လေယာဉ်ဟာ ပျံသန်းဖို့ မသင့်ဘူးလို့ ဆိုထားပါတယ်။ လေယာဉ်ဟာ ဂျကာတာလေဆိပ်ကနေ ပျံတက်အပြီး ၁၃ မိနစ် အကြာမှာ ဂျာဗားပင်လယ်ထဲကို ထိုးကျသွားခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်ပါလာတဲ့ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၈၉ ဦးလုံး သေဆုံးခဲ့ရပါတယ်။ အဲဒါကြောင့် ဘေးကင်းလုံခြုံရေး ကိစ္စတွေမှာ ပိုမိုတိုးတက် ကောင်းမွန်အောင်ကြိုးစားကြဖို့ တိုက်တွန်းမှုတွေလည်း ရှိလာနေပါတယ်။ မသီဒါနွယ်ကပြန်ပြောပြထားပါတယ်။