ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးကျိုးများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးကျိုးများ

ရာသီဥတု ပြောင်းလဲမှုနဲ့ ဆက်နွယ်နေတဲ့ အပူလှိုင်းတွေရဲ့ ဒဏ်ကြောင့် ကျန်းမာရေး ဌာန တွေမှာ မနိုင်ဝန်ထမ်းရသလို ဖြစ်လာနိုင်တယ်လို့ Lancet ဆေးပညာဂျာနယ်ရဲ့ အစီရင်ခံစာ သစ်ထဲမှာ ဖော်ပြထားပါတယ်။

တဘက်မှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထော်ညူ ဂူတားရက်ရှ်က အာဂျင်တီးနားမှာ ကျင်းပတဲ့ ဂျီ ၂၀ အစည်းအဝေး မစခင် ဘီဘီစီနဲ့ တွေ့ဆုံ ခဲ့ရာမှာ နိုင်ငံတချို့မှာ အမျိုးသားရေး လှုပ်ရှားမှုတွေမြင့် တက်လာနေတာကလည်း ရာသီဥတု ပြောင်းလဲမှုကို ကိုယ်တွယ်ဖြေရှင်းဖို့ နိုင်ငံရေး ရည်မှန်းချက်တွေကို အားပျော့လာစေတယ်လို့ ပြောခဲ့ပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။