လောင်ဆာဆီခွန် တိုးဖို့ကိစ္စ ပြင်သစ် ဆိုင်းငံ့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လောင်ဆာဆီခွန် တိုးဖို့ကိစ္စ ပြင်သစ် ဆိုင်းငံ့

ပြင်သစ် အစိုးရက လာမယ့် ဇန်နဝါရီလမှာ စတင်မယ့် လောင်စာဆီခွန်တိုး ကောက်မယ့်ကိစ္စကို ဆိုင်းငံ့ထားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်းက အခွန်တိုးကောက်မယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ မကျေနပ်တဲ့ ဆန္ဒပြ ပွဲတွေနဲ့အဓိကရုန်းတွေ ပါရီမြို့တော်မှာ ဖြစ်ခဲ့တဲ့နောက်မှာ အခုလို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို ဆိုင်းငံ့လိုက်တာကို ဆန္ဒပြသူတွေဘက်က လက်ခံပါ့မလား။ သမ္မတ မက္ကရွန်းရဲ့ ဩဇာအာဏာဘယ်လောက်အထိ တည်နိုင်မလဲ ဆိုတဲ့မေးခွန်းတွေလည်း ထွက်လာနေပါတယ်။

ဦးဘမော်က ပြောပြမှာပါ။