ဖန်လုံအိမ်ဓာတ်ငွေ့ ဖယ်ရှင်းဖို့ လိုအပ်လာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဖန်လုံအိမ်ဓာတ်ငွေ့ ဖယ်ရှင်းဖို့ လိုအပ်လာ

ပိုလန်မှာကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဓိကကျတဲ့ ညီလာခံ ဆက်ကျင်းပနေချိန်မှာပဲ ကမ္ဘာကြီးရဲ့အပူဆုံး နှစ်ပေါင်း ၂၀ လောက်ဟာ ပြီးခဲ့တဲ့ ၂၂ အတွင်းမှာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံမှာ ပြောခဲ့ကြပါတယ်။ ကမ္ဘာ့မိုးလေဝသ အဖွဲ့ကြီးရဲ့ လေ့လာချက်ထဲမှာပြီးခဲ့တဲ့ ၄ နှစ်က အပူဆုံးပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ လျှော့ချတာလောက်နဲ့မရတော့ဘူး လေထုထဲရောက်ပြီးသား ဓာတ်ငွေ့တွေကို ဖယ်ရှားရေးဟာ ပိုအရေးကြီးလာနေပြီလို့ ဆိုပါတယ်။

ကိုရင်မောင်က ပြောပြထားပါတယ်။