ဗြိတိသျှ ဝန်ကြီးချုပ်နဲ့ ဘရိတ်စစ် အနာဂတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗြိတိသျှဝန်ကြီးချုပ်နဲ့ ဘရက်ဇစ် အနာဂတ်

ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာ မေဟာ အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး မဲခွဲဆုံးဖြတ်ရာမှာ အနိုင်ရခဲ့လို့ ဝန်ကြီးချုပ် နေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ပါတီတွင်း အမတ် ၃ ပုံ ၁ ပုံ ကျော်က သူ့ကို ဆန့်ကျင်တဲ့ မဲ ပေးခဲ့ကြပါတယ်။ ဝန်ကြီးချုပ် ကိုယ်တိုင်ကတော့ သူ့ရဲ့ ယူကေ အီးယူကထွက်ဖို့ ဘရက်ဇစ် သဘောတူညီချက်တွေကို ပြည်တွင်းမှာ ရှေ့မတိုး နိုင်ဖြစ်နေပေမယ့် ဒါနဲ့ပတ်သက်လို့ ဘရပ်ဆဲလ်မှာ သွားပြီး ဆွေးနွေး နေပါတယ်။

ဒါပေမယ့် သူ့ရဲ့ အစီအစဉ်တွေကို ပါလီမန်ကရော လက်ခံပါ့မလား။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဗြိတိသျှ နိုင်ငံရေး လောက အတွင်းက အဖြစ်အပျက်တွေကို ရှုစားရအောင်ပါ။ ဒီသတင်းထဲမှာ ဖလက်ရှ်သုံး ဓာတ်ပုံ ရိုက်ချက်တွေ အတော်များများ ပါဝင်နေပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။