ချင်းအမျိုးသမီးတွေရဲ့ ရိုးရာဓလေ့ ပျောက်ကွယ်တော့မလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ချင်းအမျိုးသမီးတွေရဲ့ ပါးရဲထိုးတဲ့ ဓလေ့

ဟိုးတချိန်က ချင်းပြည်နယ်တောင်ပိုင်းက အမျိုးသမီးအများစုဟာ ပါးရဲလို့ခေါ်တဲ့ မျက်နှာမှာ ဆေးမင်ကြောင် အပြည့်ထိုးတတ်ပါတယ်။

ဒီဓလေ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာကျော်လောက်က ပေါ်ပေါက်လာခဲ့တယ်လို့ ယူဆမှုတွေ ရှိပြီး ရိုးရာ ယုံကြည်မှုအရရော၊ အမျိုးသမီးတွေရဲ့ ခံယူချက်ကြောင့်ပါ အဲဒီက အမျိုးသမီးတွေရဲ့ မျက်နှာမှာ ပါးရဲ အပြည့်ရှိတတ်ပါတယ်။

ဒါပေမဲ့ ဒီခေတ် လူငယ်အမျိုးသမီး အများစုဟာ ပါးရဲ ထိုးလေ့ထိုးထ မရှိတော့တာကြောင့် ဒီရိုးရာ ဓလေ့ ပျောက်ကွယ်လုနီးပါး ရှိနေပါတယ်။

ဘီဘီစီ သတင်းထောက် မအိမ့်ခိုင်ဦးက ချင်းပြည်နယ်တောင်ပိုင်းကို ကိုယ်တိုင်သွားရောက် ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ