တိရစ္ဆာန်တွေကို သန်းခေါင်စာရင်း ကောက်တာပါ

ဓာတ်ပုံ မူပိုင် Yui Mok/PA
Image caption ဟမ်းဘို့တ် ပင်ဂွင်းပေါက် နောက်ထပ် ၁၂ ကောင်လည်း သန်းခေါင်စာရင်းသစ်ထဲ စာရင်း ဝင်သွားပါပြီ

နှစ်စဉ်ကောက်ယူတဲ့ စာရင်းသစ်ထဲမှာတော့ နောက်ထပ် ဟမ်းဘို့တ် ပင်ဂွင်းပေါက် ၁၂ ကောင်လည်း သန်းခေါင်စာရင်း ဝင်သွား ပါပြီ။

လန်ဒန်တိရစ္ဆန်ရုံထဲမှာ တိရစ္ဆာန် အမျိုးအစားပေါင်း ၇၀၀ ကျော် ရှိပါတယ်။

နို့တိုက် သတ္တဝါတွေ၊ ငှက်တွေ၊ တွားသွား သတ္တဝါတွေ၊ ငါးတွေနဲ့ ကျောရိုးမဲ့ တိရစ္ဆာန်တွေ အားလုံးကို စာရင်းကောက်ဖို့ သီတင်း တပတ်လောက် အချိန်ယူခဲ့ရပါတယ်။

၂၀၁၇ ဒီဇင်ဘာ လကုန်ပိုင်းက လန်ဒန် တိရစ္ဆာန်ရုံ မီးလောင်ပြီး တနှစ်မှာ အခုလို စာရင်း ကောက်ယူတာလည်း ဖြစ်ပါတယ်။

တိရစ္ဆာန်တွေကို ကြည့်ရှုစောင့်ရှောက်သူတွေက သူတို့ စောင့်ရှောက်တဲ့ အကောင်တွေကို ကိုယ့်ပုံစံနဲ့ ကိုယ် စာရင်းကောက်ယူ ရတာဖြစ်ပါတယ်။

ငါးပြတိုက်ထဲက ရေသတ္တဝါတွေကို စားရင် ပြန်မထပ်အောင် ဓာတ်ပုံရိုက်ယူပြီး ရေတွက်ရသလို၊ ရှဉ့်တို့ မျောက်တို့ နဲ့ ပင်ဂွင်းလို အုပ်စုလိုက် များပြားတဲ့ တိရစ္ဆာန်တွေကို ရေတွက်နိုင်ဖို့ စာရင်းကောက်သူတွေကိုသင်တန်း ပေး တာတွေ လုပ်ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် PA/Yui Mok
ဓာတ်ပုံ မူပိုင် Yui Mok/PA
ဓာတ်ပုံ မူပိုင် PA/Yui Mok
ဓာတ်ပုံ မူပိုင် Getty Images
ဓာတ်ပုံ မူပိုင် Getty Images
ဓာတ်ပုံ မူပိုင် REUTERS/Toby Melville
ဓာတ်ပုံ မူပိုင် REUTERS/Toby Melville

ဆက်စပ် အကြောင်းအရာများ

ဆက်စပ် အင်တာနက် လင့်များ

ပြင်ပ ဝက်ဘ်ဆိုက်ပါ အကြောင်းအရာများအပေါ် ဘီဘီစီက တာဝန်မယူပါ။