ပျက်ရင်မပစ်ဘဲ ပြင်သုံးသူများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပျက်ရင်မပစ်ဘဲ ပြင်သုံးသူများ

အိမ်တွေမှာ သုံးတဲ့ ရေနွေးအိုးတို့ အဝတ်လျှော်စက်တို့ စသဖြင့် အိမ်သုံး စက်ပစ္စည်းတွေကို ပျက်တဲ့အခါမှာ ပြန်ပြင်ကြတာထက် လွှင့်ပစ်ကြတာများပါတယ်။ ဒါကလည်း ပြင်တဲ့လူ ရှာရခက်တာ၊ တွေ့ပြန်တော့လည်း စျေးက များနေတာတွေကြောင့် ပျက်ရင်ပစ်ပြီး အသစ်ပဲ ဝယ်ကြတာ ဖြစ်ပါတယ်။

အခုတော့ ယူကေမှာ ဒီလို ပျက်ရင်ပြင်ပေးတဲ့ အဖွဲ့တွေ ပေါ်လာနေပါပြီ။ ကုန်ပစ္စည်း ထုတ်လုပ်သူတွေကိုလည်း ပစ္စည်းတွေကို ပြင်ရလွယ်အောင် လုပ်ပေးဖို့ တွန်းအားပေးနိုင်မယ်ဆိုရင် ပျက်တာနဲ့ပစ်တာမျိုးတွေ လျော့လာလိမ့်မယ်လို့ သူတို့က မျှော်လင့်နေပါတယ်။ ဦးဘမော်က ပြောပြမှာပါ။