ရင်ခုန်လှုပ်ရှား တပတ်အတွင်း နိုင်ငံတကာပုံရိပ်များ

ဓာတ်ပုံ မူပိုင် Nick Moir / Getty Images
Image caption အလွန်အမင်းပူပြင်းတာကြောင့် ရွှံ့တွေ ရေခန်းခြောက် လာတဲ့အချိန် တိရစ္ဆာန်တွေ ပိတ်မိကုန်ပါတယ်။ သြစတြေးလျက Cawndilla ရေကန်ရဲ့ ရေထွက်ပေါက် မြောက်ကြီးတခုမှာ အခုလို ဖြစ်ခဲ့တာကြောင့် တိရစ္ဆာန်တွေ ပိတ်မိ သေဆုံးကုန်ပါတယ်။ ဒရုံးနဲ့ အခု ဓာတ်ပုံ ရိုက်ယူခဲ့သူ Nick Moir က သူ့အနေနဲ့ တိရစ္ဆာန်တွေကို မကယ်တင်နိုင်ခဲ့ဘူးလို့ပြောပါတယ်။ သူနဲ့ အရမ်းဝေးပြီး သူကိုယ်တိုင် ရွှံ့ထဲဆင်းရင် အန္တရာယ် ရှိနိုင်တယ် လို့ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Hakan Burak Altunoz / Getty Images
Image caption တူရကီ အော်တိုမင် စစ်သား ၉ သောင်း သေဆုံးခဲ့ရတဲ့ ပထမကမ္ဘာစစ်တုန်းက Sarikamis တိုက်ပွဲ ၁၀၄ နှစ်မြောက် ဝမ်းနည်းခြင်း အထိမ်း အမှတ် အဖြစ် တူရကီနိုင်ငံ ဆစ်တောင်တန်းမှာ ကြီးမားတဲ့ တူရကီ အလံကို ဖြန့်ချထားပုံ။
ဓာတ်ပုံ မူပိုင် Scott Barbour / Getty Images
Image caption ဂျပန် တင်းနစ်မယ် နာအိုမီ အိုဆာကာ ရဲ့ ရိုက်ချက်။ ၂၀၁၉ သြစတြေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲ မတိုင်ခင် လေ့ကျင့် နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Bertrand Guay / Getty Images
Image caption ရဲကားရှေ့က မျက်နှာဖုန်းစွပ် ဆန္ဒပြသူ တဦး။ ပြင်သစ်က အဝါရောင်ဂျာကင်ဝတ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Angela Weiss / Getty Images
Image caption အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Louis Vuitton အထင်ကရ ဆိုင်ရှေ့က အနုပညာဒီဇိုင်း။
ဓာတ်ပုံ မူပိုင် Guillermo Arias / Getty Images
Image caption အမေရိကန် မက္ကဆီကို နယ်စပ်က ခြံစည်းရိုး အဟောင်းတွေကို လဲတပ်နေတဲ့ အပိုင်းဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Vatican Pool / Getty Images
Image caption ဗာတီကန် သံတမန်တွေနဲ့ အတူ တွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်။
ဓာတ်ပုံ မူပိုင် Jack Taylor / Getty Images
Image caption ဥရောပ သမဂ္ဂအီးယူ ကနေ ဗြိတိန်ခွဲထွက်မှာကို ဆန့်ကျင်သူနဲ့ ခွဲထွက်မှာကို ထောက်ခံသူ နှစ်ယောက်ရဲ့ ပါလီမန်ရှေ့ တိုက်ပွဲ။

ဆက်စပ် အကြောင်းအရာများ