ဘရက်ဇစ် အဆိုကို လက်ခံ မခံ ယူကေပါလီမန် မဲခွဲဖို့ရှိ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗြိတိန် အီးယူကထွက်မယ့် ဘရက်ဇစ် အဆိုကို လက်ခံမခံ ယူကေပါလီမန် မဲခွဲဖို့ရှိ

ယူကေမှာတော့ အင်္ဂါနေ့ နှောင်းပိုင်းမှာ ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာ မေရဲ့ ယူကေ အီးယူ ကနေ ထွက်ရေးနဲ့ပတ်သက်လို့အီးယူနဲ့ ယူကေကြားက သဘောတူညီချက်ကို လက်ခံမခံ ဆိုတာနဲ့ပတ်သက်ပြီး ပါလီမန်မှာမဲခွဲ ဆုံးဖြတ်ကြဖို့ ရှိပါတယ်။ ဒါဟာ ဗြိတိသျှ ပါလီမန်မှာ နှစ်ပေါင်းများစွာ အတွင်း အကြီးကျယ်ဆုံး မဲခွဲ ဆုံးဖြတ်မှုတခုလည်း ဖြစ်လာမှာဖြစ်ပါတယ်။ ယူကေ က မဲဆန္ဒရှင် ၅၂ ရာခိုင်နှုန်းက အီးယူကနေ ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ နောက် အချိန်အားဖြင့် ၂ နှစ်ခွဲအကြာမှာ အခုလို ဆုံးဖြတ်ကြဖို့ ဖြစ်လာကြတာပါ။ မဲမခွဲခင် နာရီပိုင်းအလိုအထိတော့ လေ့လာသူတွေက ဝန်ကြီးချုပ်တင်ပြလာမယ့် သဘောတူညီချက်ကို လက်ခံကြလိမ့်မယ် မထင်ဘူးလို့ ခန့်မှန်းထားကြပါတယ်။ အဲဒါဆိုရင် ဝန်ကြီးချုပ်ရဲ့ အနာဂတ်နဲ့ မတ်လကုန်ပိုင်း အီးယူ က ထွက်ရေးအပေါ်မှာဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိုင်မလဲ။ ဦးဘမော်က ပြောပြမှာပါ။