အယုံအကြည်မရှိ အဆိုနဲ့ ရင်ဆိုင်ရမယ့် ဗြိတိသျှ ဝန်ကြီးချုပ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အယုံအကြည်မရှိ အဆိုနဲ့ ရင်ဆိုင်ရမယ့် ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာမေ

ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာမေဟာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ပါလီမန်မှာ အမတ်တွေရဲ့အယုံအကြည်မရှိအဆို တင်သွင်းမဲခွဲတာနဲ့ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့ ညနေကတော့ သူအစိုးရရဲ့ ဗြိတိန် အီးယူကထွက်ရေး ဘရက်ဇစ် အဆိုကို ကန့်ကွက်မဲတွေ ပေးပြီးပယ်ချခဲ့ကြပါတယ်။ အခုအယုံအကြည်မရှိအဆိုကိစ္စမှာတော့ သူ ကျော်ဖြတ်နိုင်ဖို့ များတယ်လို့ ယူဆနေကြပါတယ်။ ဒါပေမယ့် တဘက်မှာ ဘရက်ဇစ်အတွက် တခြား ရွေးချယ်စရာ အစီအမံတခုကို ချပြဖို့လည်းကြိုးစားရဦးမှာပါ။ ဘရက်ဇစ် ကိစ္စဟာ လာမယ့် သတင်း ၁၀ ပတ်မှာ စတင်တော့မှာဖြစ်လို့ အီးယူရဲ့စေ့စပ်ရေးမှူးကတော့ ဘာသဘောတူညီချက်မှမယူဘဲ ထွက်မယ်ဆိုရင် ဗြိတိန်အတွက် အန္တရာယ်ကြီးလွန်းတယ်လို့ သတိပေးထားပါတယ်။ ဦးဘမော်က ဆက်ပြောပြမှာပါ။