လူ ၁၂ ဦးထက်မနည်း သေဆုံးတဲ့ ဇင်ဘာဘွေ အဓိကရုဏ်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လူ ၁၂ ဦးထက်မနည်း သေဆုံးတဲ့ ဇင်ဘာဘွေ အဓိကရုဏ်း

ဇင်ဘာဘွေနိုင်ငံတွင်းမှာ ဖြစ်နေတဲ့အဓိကရုဏ်း ကြောင့် ပြည်ပ ခရီးထွက်လာတဲ့ သမ္မတ အမ်မာဆင် မန်နန် ဂါဂွာဟာ ခရီးစဉ်ကို ဖျက်ပြီး ပြန်လာခဲ့ပြီဖြစ်ပါတယ်။ သူက တိုင်းပြည်စီးပွားရေး အခြေအနေတွေကို ပြုပြင်ရေးကို အလေးပေး ဆောင်ရွက်ဖို့ အမျိုးသား စေ့စပ်ဆွေးနွေးရေးတွေလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ အတိုက်အခံတွေကတော့အဓိကရုဏ်းတွေအတွင်းမှာ လူ ၁၂ ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ ပြောသလို လူ့အခွင့်အရေး ကော်မရှင်ကလည်း လုံခြုံရေးတပ်ဖွဲ့တွေဟာ စနစ်တကျ နှိပ်စက်ညှဉ်းပမ်း မှုတွေ လုပ်ခဲ့တယ်လို့စွပ်စွဲလိုက်ပါတယ်။ သမ္မတက လောင်စာဆီဈေး တွေကို ၂ ဆမက တင်လိုက်တဲ့နောက်မှာ အခုလို ဆူပူမှုတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ကိုထက်အောင်က ပြောပြမှာပါ။