ဦးနှောက်ခွဲစိတ်မှုခံယူနေတုန်း ဂစ်တာတီးခဲ့သူ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဦးနှောက်ခွဲစိတ်မှုခံယူနေတုန်း ဂစ်တာတီးခဲ့သူ

ဦးနှောက်ခွဲစိတ်မှုခံယူနေတုံး ဂီတာတီးခဲ့ရတဲ့ တောင်အာဖရိက ဂျပ်စ်တေးဂီတသမား မူဆာ မန်ဇီနီဟာ အခုတော့ နေပြန်ကောင်းလာနေပါပြီ။ ၆ နာရီကြာ ခွဲစိတ်မှုအတွင်း သူရဲ့ လက်ချောင်းလှုပ်ရှားမှုတွေ မထိခိုက်အောင် ထိန်းသိမ်းထားနိုင်ဖို့ တစိတ်တပိုင်းအားဖြင့် သူဟာ သတိရှိပြီးနိုးနိုးကြားကြားနေခဲ့ရပါတယ်။

သူဟာ ဒါဗန်းမြို့က အင်ကိုဆီ အဲလဘတ် လူသူလီဆေးရုံမှာ ခွဲစိတ်မှုခံယူခဲ့တာဖြစ်ပါတယ်။ ကိုသက်ထွေးနိုင်ပြောပြထားပါတယ်။